Naypyitaw Chess Club

Naypyitaw Chess Club

245 карыстальнікаў
4 кас 2020 г.
49 Events Played

အသင်းလှုပ်ရှားမှုများကို နေပြည်တော်စစ်တုရင်အသင်းရဲ့ Facebook Page ကနေ လေ့လာသိရှိနိုင်ပြီး အသင်းဝင်ဖို့အတွက် အသင်းဧည့်ခန်း(Facebook Group) တို့ကနေတစ်ဆင့် ဆက်သွယ်အကြောင်းကြားပေးနိုင်ပါသည်၊

နေပြည်တော်စစ်တုရင်အသင်းကို နေပြည်တော် (၈) မြို့နယ်မှာ အခြေစိုက်နေထိုင်တဲ့ စစ်တုရင်အားကစားသမားများ၊ နေထိုင်ဖူးတဲ့ကစားသမားများ၊ နေပြည်တော်မှာ ဆွေမျိုးအရင်းအချာရှိတဲ့ အားကစားသမားများဖြင့် အဓိကစုဖွဲ့ထားတဲ့ စစ်တုရင်အသင်းဖြစ်ပါတယ်၊

နေပြည်တော်စစ်တုရင်အသင်း၏ ရပ်ဝေးနေ စစ်တုရင်မိတ်ဆွေအချို့လဲပါဝင်လျက်ရှိပါတယ်၊

လက်ရှိနေပြည်တော်အတွင်း နေထိုင်သူတစ်ဦးဦးက အသင်းဝင်ဖြစ်ချင်ကြောင်း တင်လာတဲ့ post မှာ ထောက်ခံချင်တဲ့ လက်ရှိအသင်းသားက ထောက်ခံကြောင်း၊ ကစားသမား အမှန်ဖြစ်သည်ကို သိရှိကြောင်း comment မှတ်ချက်ပြုရေးသားပေးမှာဖြစ်ပါတယ်၊ ထောက်ခံသည့်အသင်းသား (၂) ဦးရှိလာမှသာ နေပြည်တော်အသင်းဘုတ်အဖွဲ့မှ Facebook နှင့် Chess com ရှိ အသင်းတွင် လက်ခံပေးသွားရန် ဆက်လက်သုံးသပ်သွားမည်ဖြစ်သည်၊

လက်ရှိနေပြည်တော် (၈) မြို့နယ်ပြင်ပနေထိုင်သူ တစ်ဦးဦးက အသင်းဝင်ဖြစ်ချင်ကြောင်း post တင် ဆက်သွယ်လာတဲ့အခါ အထက်အပိုဒ်ဖော်ပြပါ လုပ်ငန်းစဉ်များအတိုင်း ထောက်ခံသည့် အသင်းသား (၃) ဦးရှိမှသာ နေပြည်တော်အသင်း စီမံအုပ်ချုပ်သူဘုတ်အဖွဲ့မှ ဆက်လက်သုံးသပ်သွားမည်ဖြစ်သည်၊

အသင်းသားအဖြစ် လက်ခံခြင်း (သို့မဟုတ်) ပြန်လည်ငြင်းပယ်ခြင်းကိစ္စများတွင် အသင်းဘုတ်အဖွဲ့၏ ဆုံးဖြတ်သာအတည်ဖြစ်သည်၊ အသင်းဝင်အဖြစ် စိစစ်လက်ခံရာတွင် အကြောင်းအမျိုးမျိုးဖြင့် အချိန်ကြာမြင့်ပါက သည်းခံစောင့်ဆိုင်းပေးခြင်းအတွက် ကြိုတင်ကျေးဇူးတင်ရှိပါသည်။

Адміністратары